မြန်မာ၊ ဇွန်လ ၂၀၁၉။
စစ်တွေ၊ ရခိုင်ပြည်နယ် - ယခုနှစ်သည် ရခိုင်ပြည်နယ်တွင် ရေ အလွန်ရှားပါးသည့် နှစ်ဖြစ်ပါသည်။ ယခုအချိန်ထိ မိုးမရွာနိုင်သေးပေ။ ယခုလို ခြောက်သွေ့သည့် နွေကာလ တာရှည်ခြင်းကြောင့် မိုးရေသိုလှောင်ထား သည့် ရေကန်များလည်း ရေခန်းခြောက်လုနီးပါး ဖြစ်နေလေသည်။ ရခိုင်ပြည်နယ် ကျေးလက်ဖွံ့ဖြိုးရေးဌာန ၏ ထုတ်ပြန်ချက်အရ ရခိုင်ပြည်နယ်တွင် ကျေးရွာ ၅၀ ထက် ပိုပြီး ရေရှားပါးသည့် ပြဿနာကို ကြုံတွေ့နေကြရ ပါသည်။
ဧပြီလ ၂၀ ရက် မှ စတင်၍ ယူနီဆက်သည် အနောက်ရွာ စခန်းသို့ ရေ ၃၅ ကုဗမီတာခန့် နေ့စဉ် သယ်ပို့ပေးနေခဲ့ပါသည်။ ©UNICEF Myanmar/2019/Maung Maung Oo |
အနောက်ရွာစခန်းတွင် နေထိုင်နေရသည့် ရွှေ့ ပြောင်းနေထိုင်သူ ဒေါ်ဇော်ရီနမ်ခါတာသည် ကလေး ရှစ်ယောက် မိခင် တစ်ယောက်ဖြစ်ပြီး နေ့စဉ်ရေထုတ်ရန် ပြရသည့် ဗောက်ချာနှင့်အတူ ရေထည့်သည့် အိုး တို့ကို သယ်ယူလိုက်ပြီးနောက် မနက်နှင့်နေ့လည်ခင်းများတွင် စခန်းတွင်း ရေဖြန့်ဝေပေးသည့် နေရာသို့ ရေ ခွဲတမ်း ရယူရန် အခြားသူများနှင့် ဝင်ရောက် တန်းစီလိုက်ပါသည်။