Monday, April 29, 2019

"Of course, I have a disability, but I am capable and strong to do things like any other person"

Written by Thein Than Tun

Teachers say 10-year-old Nan Nyein Su San is a high achiever but she used to miss lessons due to constant teasing from her classmates. “I got very angry,” remembered Nan Nyein Su San. “Sometimes I just gave the teasers a sideways stare.”

Nan Nyein Su San studying with her classmates. Photo by Sao Yan Naung

Wednesday, April 10, 2019

ကိုယ်ပိုင်အိမ်သာ ဆောက်ကြစို့ - ရှမ်းပြည်တောင်ပိုင်းရှိ ရပ်ရွာမှဦးဆောင်တဲ့ ရေနှင့်ပတ်ဝန်းကျင်သန့်ရှင်းရေး စနစ်

စာရေးသူ - သိ င်္ဂီဝင်း*

၂၀၁၉ခုနှစ်၊ မတ်လ - အသက် ၄၇ နှစ်အရွယ် ကိုစိုင်းအွမ်တစ်ယောက် အရင်ကလုပ်ဖို့ အစီအစဉ်မရှိခဲ့တဲ့ အလုပ်တစ်ခုကို လုပ်နိုင်ခဲ့ပါပြီ။ သူက သူ့မိသားစုအတွက် အိမ်သာတစ်လုံး ဆောက်လိုက်တာပါပဲ။

မြန်မာနိုင်ငံ ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ် ပန်ကန်းရွာလေးက ကလေးနှစ်ယောက် ဖခင်ဖြစ်သူဟာ သူ့ရဲ့ လုပ်ဆောင်ချက်တွေက မိသားစုအတွက်သာမက ရွာလေးရဲ့ ကျန်းမာရေးကိုပါ တိုးတက် ကောင်းမွန်စေမယ်ဆိုတာ နားလည်သဘောပေါက်ခဲ့ပါတယ်။

“ဝမ်းပျက်ဝမ်းလျှော ရောဂါဆိုတာ ကွင်းပြင်တွေ ချုံတောတွေထဲ တောထိုင် အညစ်အကြေးစွန့်တာနဲ့ ဆက်စပ်နေမှန်း ကျွန်တော် သိလိုက်ရတဲ့အချိန်မှာ အိမ်သာတွေရဲ့ အရေးပါမှုကို နားလည်သွားတယ်။ ဒီတော့ အိမ်သာဆောက်ဖို့ကို ကျွန်တော် စိတ်ထက်သန်လာခဲ့တယ်။ ကျွန်တော့်မှာ ပိုက်ဆံများများစားစား မရှိပေမဲ့ နောက်မှလုပ်မနေဘဲ အခုပဲ အိမ်သာဆောက်နေပါပြီ”လို့ ကလေးနှစ်ယောက် ဖခင်ဖြစ်သူက ပြောပြခဲ့ပါတယ်။

ရှမ်းပြည်တောင်ပိုင်း ပက်ခန်းကျေးရွာရှိ ကလေးများနှင့်အတူ တောထိုင်အညစ်အကြေးစွန့်ခြင်း (ODF) ဆိုင်ရာ ကနဦး ဆွေးနွေးပွဲ။ 
©UNICEF Myanmar/2019/Theingi Win
အိမ်ထောင်သက် ၁၁နှစ်ရှိပြီဖြစ်တဲ့ ကိုစိုင်းအွန်တို့ မိသားစုက ဝါးအိမ်လေးမှာ နေထိုင်ကြပြီး သိပ်မကြာသေးခင် အချိန်အထိ အပေါ့အလေးစွန့်ဖို့ကို ဆွေမျိုးတစ်ယောက်ရဲ့ အိမ်က အိမ်သာကို သုံးတာဖြစ်ဖြစ်၊ အနီးအပါး လယ်ကွင်းတွေနားက ချုံပုတ်တွေနောက်မှာဖြစ်ဖြစ် ဒီအတိုင်း အညစ်အကြေးစွန့်လေ့ရှိခဲ့ကြပါတယ်။ 

Monday, April 8, 2019

Building your own latrine: Community-led total sanitation in southern Shan State

Written by Theingi Win*

March, 2019 - Sai Awan, 47, has done something he didn’t plan to do. He has built his family a latrine.

In Pak Kan village in Hsi Seing Township of Myanmar’s Southern Shan State, the father of two is convinced his efforts will improve the health of his family and his village.

 “When I learned that diarrhoea is related to open defecation, I realized the importance of latrines and became passionate about building them. Even though I don’t have much money, I’m doing it now, not later, “ said the father of two.

Open Defecation (ODF) Triggering session with children at Pan Kan village in Southern Shan State. 
©UNICEF Myanmar/2019/Theingi Win
Married for eleven years, Sai Awan and his family live in a bamboo house and until recently all the family members shared a latrine at a relative’s house or practiced open defecation behind the bushes in the nearby fields. 

Thursday, March 28, 2019

လိုလျှင်ကြံဆ၊ နည်းလမ်းရ

စာရေးသူ သက်နိုင်


အသက် ၁၄ နှစ်အရွယ် စုစုဌေးလေး တစ်ယောက် မူလတန်းပြီးမြောက်ကြောင်း ဆု တက်ယူတဲ့အခါ သူ့အမေဖြစ်သူဟာ စိတ်လှုပ်ရှားဝမ်းသာ ဖြစ်ရပါတယ်။ “ဒါက ကျွန်မ သမီးလေး အခမ်းအနားပွဲကြီးတစ်ခုမှာ ဆုတက်ယူတာကို ပထမဆုံးအကြိမ် တွေ့ဖူးတာပါ။ ကျွန်မ အရမ်းဂုဏ်ယူပါတယ်” လို့ ဒေါ်ချိုမိလေးက မျက်ရည်တွေ ဝိုင်းပြီး ပြောပြတယ်။ “ဒါက အများစုအတွက်တော့ ထူးထူးခြားခြား ကြိုးစားအားထုတ်မှု မဟုတ်ပေမဲ့ ကျွန်မအတွက်တော့ ကျွန်မသမီးလေး ဒီလိုစင်မြင့်ပေါ်မှာ ဂုဏ်ယူဝင့်ကြွားတဲ့ ပုံစံလေးနဲ့ ရပ်နေတာကို မြင်ရတာဟာ တကယ့်အောင်မြင်မှုကြီးတစ်ခုပါပဲ။”

စုစုဌေးနှင့် သူမ၏ မိခင် ဒေါ်ချိုမိလေးတို့အား မွန်ပြည်နယ်၊ သထုံမြို့ရှိ ကျောင်းတွင် တွေ့ရစဉ်။ ©UNICEF Myanmar/2018/Thet Naing 

Wednesday, March 27, 2019

If there is a will, there is a way

by Thet Naing

When 14-year-old Su Su Htay won an award for completing primary school, her mother was overcome with emotion. “This is the first time I saw my daughter receive an award in a big event, and I was honoured,” said Cho Mi Lay, tears welling up in her eyes. “It’s not an outstanding effort for many, but for me it was a huge success to see my daughter standing on stage in such a proud manner.”
Su Su Htay and her mother Cho Mi Lay at their school in Thaton, Mon State.
©UNICEF Myanmar/2018/Thet Naing 

Monday, March 25, 2019

လယ်ကွင်းပြင်များဆီမှ ကျောင်းသို့ ပြန်ရောက်လာခြင်း

စာရေးသူ - တင်ထက်ပိုင်

ကယားပြည်နယ်၊ မြန်မာ - စီဆီလီယာဟာ သူ့အဖေက သူ စာလုပ်တာကို မုန်းနေတုန်းပဲဆိုရင် သူ့အဖေကို ပြန်လည်ထူထောင်ရေးစခန်းကနေ ပြန်မလာစေချင်ပါဘူး။ သူ့အဖေက သူ အိမ်မှာ စာလုပ်နေတာတွေ့တိုင်း “စာပဲလုပ်နေ၊ ထမင်းမစားနဲ့” လို့ မူးပြီးပြောလေ့ရှိပါတယ်။ 

စီတီလီယာ၊ ၁၈ နှစ်၊ မြန်မာနိုင်ငံ လွိုင်ကော်မြို့၊ လွိုင်လင်လေး ကျေးရွာ၊ လွိုင်လင်လေး အထက်တန်းကျောင်းရှိ နေ့လယ်ပိုင်း NFMSE သင်တန်းတွင် အတန်းဖော်များနှင့် အဖွဲ့လိုက် လေ့ကျင့်ခန်း လုပ်နေစဉ်။
 ©UNICEF Myanmar/2019/Min Zayar Oo
“ကျွန်မက ကျွန်မ အဖေနဲ့မတူချင်ဘူး” လို့ ၁၈ နှစ်အရွယ် ကရင်နီမိန်းကလေးငယ်က မြန်မာပြည်အရှေ့ပိုင်း ကယားပြည်နယ် လွိုင်ကော်မြို့ရဲ့ အပြင်နားမှာရှိတဲ့ ကျောင်းလေးတစ်ကျောင်းရဲ့ စာသင်ခန်းထဲမှာ ထိုင်နေတုန်း အားမနာစတမ်းပုံစံလေးနဲ့ ပြောပြခဲ့တယ်။ “ကျွန်မက ကျွန်မကလေးတွေကို မှန်ကန်တဲ့ လမ်းကြောင်းကို ပြပေးနိုင်တဲ့ ပညာတတ် မိဘတစ်ယောက် ဖြစ်ချင်တာ” လို့ ဆက်ပြီးရှင်းပြတယ်။

Tuesday, February 26, 2019

Off the fields and back to school

by Tin Htet Paing

KAYAH, MYANMAR - Cecilia doesn’t want her father to come back from the rehabilitation centre if he still hates her for studying. “Just study and don’t eat!” he would drunkenly tell her each time he found her studying at home. 

CECILIA, 18, WORKS ON A GROUP EXCERCISE WITH HER CLASSMATES DURING THE AFTERNOON NFMSE CLASS AT BEHS LOILIN LAY, IN LOILIN LAY, LOIKAW
 ©UNICEF Myanmar/2019/Min Zayar Oo
“I don’t want to be like my father,” said the 18-year-old Karenni girl, almost unapologetically, as she sat inside her classroom at a school just outside of Loikaw in Myanmar’s eastern state of Kayah. “I want to become an educated parent who can show her children the right way,” she explained.