မော်လမြိုင်၊ မွန်ပြည်နယ် - လူမှုဖူလုံရေးဌာန (DSW) တွင် အုပ်ချုပ်မှုအလုပ်ကို ၂၉ နှစ်ကြာ ပြုလုပ်ခဲ့ပြီး သည့်နောက် အသက် ၄၉ နှစ်အရွယ် ဒေါ်စောဥမ္မာမှာ လူမှုဝန်ထမ်းတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ရန် ကရင်ပြည်နယ်၊ ဖားအံမြို့မှ မော်လမြိုင်မြို့သို့ စေလွှတ်ခံခဲ့ရသည်။ မော်လမြိုင်သို့ ရောက်ပြီး မကြာခင်တွင် အိမ်ကထွက်ပြေးပြီး ဘတ်စ်ကားဂိတ်တွင် လမ်းပျောက်ကာ ယောင်လည်လည်ဖြစ်နေသည့် အသက် ၁၄ နှစ်အရွယ် မိန်းကလေးတစ်ဦးကို စောင့်ရှောက်ပေးရန် ည ၈ နာရီတွင် ဆင့်ခေါ်ခံရသည်။
“ကျွန်မ နှစ်ပေါင်း ၃၀ နီးပါး NGO တွေနဲ့ အဆက်အစပ်မရှိခဲ့ဘူး။ အုပ်ချုပ်မှုအလုပ်ပဲ လုပ်ခဲ့တာ။ အလုပ် သစ်မှာ သင်စရာတွေက အများကြီးပဲ။ ဒီအသက်အရွယ်ကျမှ တစ်ခါမှ မကြုံဖူးတဲ့ အတွေအကြုံသစ်တွေ ရပြီး ဆက်တိုက်ကို သင်ယူနေရတယ်။ စိတ်ဝင်တစားနဲ့ မျက်စိကို အမြဲတမ်း ဖွင့်ထားရတယ်” ဟု ၎င်းက ပြောပြသည်။
![]() |
| မွန်ပြည်နယ်ရှိ ကလေးတစ်ယောက်ဆီသွားနေသော လူမှုရေးရာ ဖြစ်ရပ်စီမံခန့်ခွဲသူ ဒေါ်စောဥမ္မာ |

