By Macarena Aguilar
ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးကြသူများမှ မိန်းကလေးငယ်များ နှင့် အမျိုးသမီးများအတွက် သူတို့၏ ဓမ္မတာရာသီလာသည့် ကာလများတွင် ပြွတ်သိပ်နေသည့် စစ်ရှောင်စခန်းများ၌ မည်ကဲ့သို့နေထိုင်ကြသနည်း?
ရှက်ကိုးရှက်ကန်းဖြင့် “ခက်ခဲပါတယ်”ဟု အသက် ၁၉နှစ်အရွယ် ဇော်မာလူးမှပြောသည်။ စစ်ရှောင်စခန်းများတွင် သိပ်မပြောဖြစ်သည့် ပြဿနာတစ်ခုဖြစ်သည်။ “အမြဲတမ်းတော့ ကျွန်မအသုံးပြုပြီးသား လစဉ်သုံးပစ္စည်းလေးတွေကို ပလပ်စတစ်အိတ်ထဲထည့်ပြီး အမှိုက်သိမ်းကားလာယူတဲ့အထိ သိမ်းထားပါတယ်။ ဒါပေမယ့်လို့ အမှိုက်ကားက တစ်ပတ်မှ တစ်ခါသာလာတယ်” ဟုသူမက ဖြည့်ပြောသည်။