By Simon Ingram - ၂၀၁၇ ခုနှစ်၊ မေလ
မြန်မာနိုင်ငံတွင် မြေမြှုပ်မိုင်းများ နှင့် မပေါက်ကွဲသေးသည့် လက်နက်ခဲယမ်းများသည် ကလေးငယ်များအတွက် အသက်သေဆုံးရခြင်း နှင့် ထိခိုက်ဒဏ်ရာရ ခြင်း အန္တရာယ်နှင့် နေ့စဉ်ကြုံတွေ့နေရ
မြန်မာနိုင်ငံရှိ တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခုအနက် ၉ ခုတွင် ဆက်လက်ဖြစ်ပွားနေသည့်၊ လွန်ခဲ့သောကာလဖြစ်ခဲ့သည့် လက်နက်ကိုင်ပဋိပက္ခများကြောင့် မြေမြှပ်မိုင်းများနှင့် ပေါက်ကွဲစေတတ်သည့် စစ်လက်နက်အကြွင်းအကျန်များ ပြန့်နှံ့လျှက်ရှိပါသည်။ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင်မိုင်းကြောင့် ထိခိုက်ဒဏ်ရာရသေဆုံးသည့်နှုန်းအမြင့်ဆုံးနိုင်ငံတစ်ခုဖြစ်ပါသည်။ မိုင်းအန္တရာယ်တားဆီး ကာကွယ်ရေး အဖွဲ့၏ စာရင်းများအရ မိုင်းထိခိုက်ဒဏ်ရာရသေဆုံးမှုသည် သုံးရက်တစ်ကြိမ်ဖြစ်ပွားနေပြီး သုံးယောက်တွင်တစ်ယောက် သည်ကလေးသူငယ်များဖြစ်ပါသည်။