Showing posts with label Buthidaung. Show all posts
Showing posts with label Buthidaung. Show all posts

Friday, September 21, 2018

ကလေးသူငယ်နေပျော်ကျောင်းများ၏ သင်တန်းများက ကျွန်မ၏ သင်ပြမှုစွမ်းရည်များကို တိုးတက်စေခဲ့

By Tin Shwe


ဘူးသီးတောင်၊ ရခိုင်ပြည်နယ်၊ ၇ စက်တင်ဘာ ၂၀၁၈ -  ဖြူနွေမိုးသည် ဘူးသီးတောင်၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် ဒုတိယတန်း၊ လက်ထောက်ဆရာမအနေဖြင့် ဆယ်နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

၂၀၁၈ ခုနှစ်မတိုင်မီထိ ဖြူသည် ဆရာ၊ဆရာမများကို အဓိကထားသော နည်းလမ်းဖြင့်သင်ကြားပို့ချခဲ့ပြီး ဆရာမတစ်ဦးအနေဖြင့် သူမကိုသူမ ပိုမိုအဓိကထားသော ဆောင်ရွက်ချက်များပေါ်တွင် အာရုံစိုက်ခဲ့သည်။ သို့သော်လည်း ယခုနှစ်တွင် သူမအတန်းအတွက် ပညာရေးဝန်ကြီးဌာနက သင်ရိုးသစ်ကို စတင် မိတ်ဆက်လိုက်သောအခါ သူမသည် ခြားနားချက်ကိုသတိပြုခဲ့မိသည်။ သင်ရိုးသစ်တွင် ဆရာ၊ ဆရာမများက အတန်းသင်ခန်းစာများနှင့် သင်ကြားမှုပစ္စည်းများ ပြင်ဆင်ရာတွင်လည်းကောင်း၊ အတန်း လေ့ကျင့်ခန်းများတွင် တပည့်များ တက်ကြွစွာပူးပေါင်းပါဝင်မှုတွင်လည်းကောင်း တောင်းဆိုမှုများ များပြားလာသည်။ 

 စီအက်ဖ်အက်စ်နည်းလမ်းကိုသုံး၍ ဒုတိယတန်းကျောင်းသားများအား ဆရာမ ဖြူနွေမိုးမှ သင်ကြားနေပုံ
©UNICEF Myanmar/2018/Tin Shwe
ဂျပန်အစိုးရ၏အထောက်အပံ့ဖြင့် ယူနီဆက်ဖ်က ကူညီပံ့ပိုးသော အခြေခံပညာဦးစီးဌာနက ဖွင့်လှစ်သည့် ကလေးပျော်ကျောင်းများ(စီအက်ဖ်အက်စ်)သည် သင်ရိုးသစ်သို့ပြောင်းလဲခြင်းဖြင့်  ဆရာ/ဆရာမများကို ကူညီရန် ရည်ရွယ်သည်။ ဘာသာစကား ကုံလုံကြွယ်ဝရေးအစီအစဉ်နှင့် ပေါင်းစပ်ထားသော ဤသင်တန်းက မိခင် ဘာသာစကားသည် မြန်မာစကားမဟုတ်သော ကလေးများကို ပိုမို အထောက်အကူဖြစ်စေရန် ဆရာ/ဆရာမများကို ပံ့ပိုးကူညီပေးသည်။

Child Friendly Schools’ training greatly improved my teaching skills

By Tin Shwe


Buthidaung, Rakhine State, 7 September 2018 - Phyu Nway Moe is a Grade 2 Assistant Teacher who has worked at the Basic Education State High School (2) in Buthidaung for more than 10 years. 

Up until 2018, Phyu taught a ‘teacher-centred’ method in her class, focusing activities more on her as the teacher. However, when the Ministry of Education introduced a new curriculum for her class this year, she noticed a difference in which the new curriculum increases demands on both teachers, in the preparation of classes and teaching materials, and pupils, in their active participation in class exercises.

Phyu Nway Moe teaching her her Grade 2 students using the CFS method 
©UNICEF Myanmar/2018/Tin Shwe
The Child Friendly Schools (CFS), provided by the Department of Basic Education with support from UNICEF through the funding from the Government of Japan, is aimed to help teachers through this transition to the new curriculum. The training is also combined with the Language Enrichment programme, to help teachers working with children whose mother tongue is not Myanmar.