Tuesday, June 7, 2016

မြန်မာနိုင်ငံရှိ မိသားစုများဆီသို့ အန္တရာယ်ကင်းသောရေ ယူဆောင်ပေးသည့် ဆိုလာရေစက်များ


အီမလီဘမ်ဖို့ဒ် ရေးသားသည်



မိုးခေါင်ရေရှားမှု ကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံရှိ ကျေးရွာတစ်ခုတွင် အန္တရာယ်ကင်းသော ရေကို လွယ်ကူစွာ ရရှိရန်မှာ ခက်ခဲလှသည်။ ယူနီဆက်ဖ်၊ နိုင်ငံတော်အစိုးရနှင့် ဗြိတိသျှနိုင်ငံ Department for International Development (DfID)တို့၏ ကူညီမှုဖြင့် ယင်းကျေးရွာက ဆိုလာစနစ်နှင့် မောင်းရသော ရေစက်ကို ဝယ်ယူပြီး ယခုအခါ မိသားစုအားလုံးက အိမ်အထိ ရေသွယ်ထားကြပြီဖြစ်သည်။





မကွေးတိုင်းဒေသကြီး၊ မြန်မာ၊ ၂၀၁၆ ခုနှစ် ဇွန်လ ၃ ရက် - မွန်တောကျေးရွာသည် မြန်မာနိုင်ငံ အနောက်မြောက်ပိုင်း၊ ပေါက်မြို့တွင် တည်ရှိသော ကျေးရွာတစ်ရွာဖြစ်သည်။ နိုင်ငံ၏ဒေသအများစုတွင် နှစ်စဉ် မိုးအလွန်ရွာသော်လည်း မကွေးတိုင်းမှာ မိုးခေါင်ရေရှားမှုနှင့် ပုံမှန်ကြုံတွေ့နေရသည်။ ရာသီဥတုပြောင်းလဲမှုကြောင့် မိုးခေါင်ရေရှားမှုမှာလည်း ပိုမို ဆိုးရွားလျက်ရှိသည်။












ယင်းအတွက်အကြောင့် အန္တရာယ်ကင်းသောရေမှာ မြေပြင်မှ ၁၀၀ မီတာအနက်တွင်သာ ရရှိနိုင်သဖြင့် ရယူရန် လွန်စွာ ခက်ခဲသည်။

“လက်နှိပ်တုံကင်တွေကိုပဲ အားထားနေရတယ်။ ဒါပေမဲ့ နွေရာသီမှာ ရေကနည်းသွားတော့ အဆင်မပြေဘူး” ဟု ရွာကျောင်းအုပ်နှင့် ကျေးရွာ ရေနှင့် မိလ္လာစနစ်ကော်မတီ မန်နေဂျာဖြစ်သော အသက် ၆၀အရွယ် ဒေါ်ခင်က ပြောသည်။



“အဲဒီတော့ ရေရဖို့အတွက် အဝေးကြီးကို သွားရတယ်။ အဲဒါဟာ ကျွန်မတို့အတွက် တကယ့်ဝန်ထုပ်ဝန်ပိုးပါပဲ” ဟု ၎င်းက ပြောသည်။





ဆိုလာစွမ်းအင်ဖြင့် ရရှိသော ရေ





၂၀၁၄ ခုနှစ်တွင် အန္တရာယ်ကင်းသောရေ ပိုမိုရရှိစေရန်အတွက် အကူအညီပေးရန် ယူနီဆက်ဖ်က ပြည်နယ်အစိုးရနှင့် ပူးပေါင်းကာ ယင်းကျေးရွာကို ဆိုလာစွမ်းအင်သုံး ရေစက်စနစ်ကို အသုံးပြုစေခဲ့သည်။ ကျေးရွာကလည်း ယင်းစနစ်ကို ဝယ်ယူတပ်ဆင်ရန်အတွက် ရန်ပုံငွေ၏ ၄၀ ရာခိုင်နှုန်းကို ထည့်ဝင်ခဲ့သည်။
အသစ်တီထွင်ထားသော ဆိုလာရေစက်စနစ်မှာ မြေအောက်မှ အန္တရာယ်ကင်းသောရေကို ရယူရန်အတွက် နေရောင်ခြည်စွမ်းအင်ကို အသုံးပြုခြင်းဖြစ်သည်။ ထို့နောက် ယင်းရေကို တစ်ရက်စာ အသုံးပြုရန် လုံလောက်သောရေကို သိုလှောင်နိုင်သော ရေလှောင်ကန်ကြီးတစ်ခုထဲသို့ ထည့်သွင်းသည်။ ပြီးလျှင် ကမ္ဘာမြေ၏ ဆွဲငင်အားဖြင့် ရေပိုက်မှတစ်ဆင့် အိမ်များဆီသို့ တိုက်ရိုက် စီးဆင်းစေသည်။



လက်နှိပ်တွင်း သို့မဟုတ် ဒီဇယ်သုံး ရေစက်များနှင့် နှိုင်းယှဉ်လျှင် ဆိုလာရေစက်များမှာ ပျက်စီးခဲသည်။ သို့သော် လိုရမည်ရ ကျေးရွာ ရေနှင့် မိလ္လာစနစ် ကော်မတီက တစ်လလျှင် တစ်ကြိမ် အိမ်ထောင်စုအားလုံးဆီမှ ၎င်းတို့ အသုံးပြုသော ရေအလိုက် ငွေကြေး အနည်းငယ်ကောက်ခံသည်။ (အိမ်ထောင်စုတစ်စုလျှင် ပျမ်းမျှ ၁ ဒေါ်လာ ရှိသည်)

ဒါကြောင့်ပင် ယင်းကျေးရွာတွင် ယခုအခါ ရေနှင့် ပတ်သက်ပြီး ကိုယ်အားကိုယ်ကိုးစနစ် လုံးဝဖြစ်သွားပြီဟု ဆိုနိုင်သည်။ ကျေးရွာ၏ ကနဦး ငွေကြေးထည့်ဝင်မှုကြောင့် ၎င်းတို့မှာ ယင်းစနစ်ကို မိမိပစ္စည်းအဖြစ် ခံစားရခြင်းနှင့် တာဝန်ယူလိုစိတ် ထက်သန်စေသည်။ အိမ်များသို့ တိုက်ရိုက် ရေသွယ်ပေးမှုကလည်း အဆင်ပြေစေသော အဓိကအချက်တစ်ချက် ဖြစ်သည်။




 “အခု အရင်ကထက် အများကြီး ပိုပြီး အဆင်ပြေသွားတဲ့အတွက် ရေအတွက် ပိုက်ဆံပေးရတာ အကြောင်းမဟုတ်တော့ဘူး။ ဒီကျေးရွာမှာ တစ်လ တစ်ဒေါ်လာဆိုတာက တတ်နိုင်တဲ့ ပမာဏဖြစ်တယ်။ ပြီးတော့ ရေစက်က အခုထိ မပျက်ဖူးဘူး။ အဲဒါကြောင့် ကျွန်မတို့ရဲ့ ရန်ပုံငွေထဲမှာ ဒေါ်လာ တစ်ထောင်ကျော် ရှိနေပြီ။ ငွေအချို့ကို ကျန်းမာရေးနဲ့ ပညာရေး စီမံချက်တွေမှာ အသုံးပြုဖို့ မျှော်လင့်ထားတယ်” ဟု ဒေါ်ခင်က ပြောသည်။






ကျေးရွာအသိုင်းအဝိုင်းများသို့ ပိုမို လက်လှမ်းမီလာခြင်း




ရေပေးဝေရေးစနစ် တိုးတက်ကောင်းမွန်လာခြင်းမှ အကျိုးကျေးဇူးရရှိသော အိမ်ထောင်စုများထဲတွင် ဦးခင်၏ မိသားစုလည်း ပါဝင်သည်။



“အခုဆိုရင် ရေက ကျွန်တော်တို့အိမ်အထိ ရောက်တဲ့အတွက် အရမ်းကောင်းတယ်။ ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝကို အများကြီး လွယ်ကူချောမွေ့စေပါတယ်။ မိသားစုနဲ့ ပျော်ရွှင်စရာတွေအပေါ် အာရုံစိုက်ဖို့ အချိန်ပိုရတယ်” ဟု ဦးမာခင်နဲ့ ဒေါ်မြစန်းက ပြောသည်။


No comments:

Post a Comment