ကျော်လွင်လတ်နှင့် ဒီရက်ဒရီနော့တန် ရေးသားသည်
ရန်ကုန်၊ မြန်မာ - ကျော်ဇော်မိုးသည် ၎င်း၏ ရှပ်အင်္ကျီကို ဆွဲဆန့်ကာ လှေခါးအောက်ဆုံးအဆင့်တွင် ခေါင်းကို တလေးတစားငုံ့ကာ ရန်ကုန်ပညာရေးတက္ကသိုလ်၊ သင်ကြားရေး အဆောက်အအုံရှိ စတိတ်စင် ပေါ်သို့ ရို့ရို့ကျိုးကျိုး၊ ကျေကျေနပ်နပ်ဖြင့် တက်လာခဲ့သည်။ ပရိသတ်ကြီးက နှစ်ထောင်းအားရ လက်ခုပ်သြဘာတီးကာ ၎င်း၏ ထူးကဲသော အောင်မြင်မှုကို ဂုဏ်ယူကြောင်း ဖော်ပြကြသည်။ ယင်းလက်ခုပ်သံမှာ ကျော်ဇော်မိုးအား စစ်တွေကျောင်းတွင် အားပေးကူညီခဲ့သော ဆရာမဆီမှသာမက၊ အလွတ်သင် မူလတန်းပညာရေးကွန်ရက်မှ ဆရာဆရာမများ၊ ပညာရေး ဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိကြီးများနှင့် ပရိသတ်အားလုံးဆီမှ လာခြင်းဖြစ်သည်။ ကျောင်းမှ ထွက်ခဲ့ရသည့် ၎င်းအတွက် ယူနီဆက်ဖ်၏ အရည်အသွေးရှိ အခြေခံပညာရေးအစီအစဉ် (QBEP) က ပံ့ပိုးပေးသော အလွတ်သင် မူလတန်းပညာရေး(NFPE)ကို ဝင်ရောက်သည့်အခါတွင် ပညာရေးအတွက် ဒုတိယ အခွင့်အလမ်း ရရှိခဲ့သည်။
©ယူနီဆက်ဖ်မြန်မာ/၂၀၁၆/ ဒီရက်ဒရီနော့တန် |