၂၀၁၇ ခုနှစ်တွင် ရှမ်းပြည်နယ် အရှေ့ပိုင်းရှိ ဝမ်ပန်အခါ ကျေးရွာရှိ မိခင်များသည် အာဟာရနှင့် မိခင်၊ မွေးကင်းစနှင့် ကလေးကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှုများ စတင်ရရှိခဲ့သည်။ ယင်းအာဟာရနှင့် ကျန်းမာရေးအစီအစဉ်များသည် ကလေးတွေကို ကြီးထွားဖွံ့ဖြိုးစေဖို့ အပြောင်းအလဲများကို ဖြစ်စေခြင်းနှင့် မသက်သက်အောင်ကဲ့သို့ မိခင်များပျော်ရွင်နေရသည့် အချက်တစ်ချက်လည်း ဖြစ်သည်။
ရေးသားသူ - ထက်ထက်ဦး
ကျိုင်းတုံ၊ ၂၀၁၈ခုနှစ်၊ ဇူလိုင်လ - မသက်သက်အောင် အချိန်ပြည့်မိခင်တစ်ယောက်မဖြစ်ခင် သူမသည် ကျောင်းဆရာမတစ်ဦး ဖြစ်ခဲ့သည်။ “ကျွန်မ ရဲမေတစ်ဦးဖြစ်ချင်ခဲ့တာ၊ ကျွန်မထင်တာက အဲဒီဝတ်စုံက ယုံကြည်မှုကို တိုးပွားစေတယ်။”ဟု မသက်သက်အောင်မှ ပြုံး၍ပြောသည်။ “ကျွန်မမိခင်တစ်ယောက်ဖြစ်ပြီး နောက်မှာတော့ ကျွန်မသမီးလေးကို စောင့်ရှောက်ရတယ်၊ ကျွန်မအမေကို အိမ်အလုပ်တွေကူညီပေးပြီး ရပ်ရွာလူထု ဆွေးနွေးပွဲတွေမှာ ပါဝင်လေ့ရှိပါတယ်။”